Design a site like this with WordPress.com
Get started

Home

Open History Project Pathein

Online Exhibition

လူထုအမှတ်သညာပွဲတော် ပုသိမ်မြို့

အွန်လိုင်းပြပွဲ

14 – 18 October, 2020

Introduction to Open History Project

လူထုအမှတ်သညာပွဲတော်မိတ်ဆက်



ပုသိမ်ထီးနဲ့ သနပ်ခါးမေပြိုင်ပွဲဆုရသူများ


ပုသိမ်ထီးနဲ့ သနပ်ခါးမေပြိုင်ပွဲ အကြီးတန်း


ပုသိမ်ထီးနဲ့ သနပ်ခါးမေပြိုင်ပွဲ အငယ်တန်း


ရုပ်ရှင် နှင့် ဓာတ်ပုံ ပြိုင်ပွဲဆုရသူများ


ရုပ်ရှင်ပြိုင်ပွဲဆုရသူများ

တတိယဆု – အတွေးအိမ်မက်၊ အပိုင်း (၂)ဒါရိုက်တာ – ကိုဇော် (KBZ)၊ တွဲဖက်ဒါရိုက်တာ – ကိုသီဟ (ပန်းလိပ်ပြာ)

တတိယဆု – အတွေးအိမ်မက်၊ အပိုင်း (၁)ဒါရိုက်တာ – ကိုဇော် (KZB)၊ တွဲဖက်ဒါရိုက်တာ – ကိုသီဟ (ပန်းလိပ်ပြာ)


ဓာတ်ပုံ ပြိုင်ပွဲဆုရသူများ


Pathein Umbrella & Thanakha Contest

ပုသိမ်ထီးနဲ့ သနပ်ခါးမေ


ကျွန်တော်တို့က မြို့တွေမှာစပြီးတော့ လူထုအမှတ်သညာပွဲတော်ကိုကျင်းပတဲ့အခါမှာ လူထုအမှတ်သညာပွဲတော်မကျင်းပခင် ပြိုင်ပွဲတစ်ခုကိုကျင်းပလေ့ရှိပါတယ်။ အဲ့ဒါက ယဥ်ကျေးမှုကိုအခြေခံတဲ့ပြိုင်ပွဲလေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့က မကွေးမြို့မှာစပြီးတော့ သနပ်ခါးမေဆိုတဲ့ပြိုင်ပွဲကိုစပြီးကျင်းပခဲ့ပါတယ်။ အဲ့ဒီကနေဆက်ပြီး ဘားအံရောက်တဲ့အခါမှာ ဘားအံမှာကျတော့ သူတို့ရဲ့လက်ယက်ထည်တွေ၊ စက်ယက်ထည်တွေ၊ ချည်မျှင်နဲ့အထည်အလိပ်လုပ်ငန်းတွေ အင်မတန်မှထွန်းကားတာလည်းတွေ့ရတယ်။ အင်မတန်မှ အရောင်အသွေးစုံလင်တာလည်းတွေ့ရတယ်။ ကျွန်တော်တို့က ဘားအံမှာရောက်တဲ့အခါမှာ ဆင်ယင်မှုပွဲတော်ဆိုပြီးတော့ သူတို့ရဲ့ ရိုးရာဖြစ်တဲ့ အဆင်အကွက်တွေကို မော်ဒန်ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ပြီးတော့ပြတဲ့ ဖက်ရှင်ပွဲတော်ဆိုပြီးတော့ စပြီးကျင်းပခဲ့ပါတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့က ယဥ်‌ကျေးမှုကိုအခြေခံတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ နောက်ကျွန်တော်တို့ ထားဝယ်ရောက်တဲ့အခါမှာ ကျွန်တော်တို့က ထားဝယ်ရိုးရာမေပွဲတော်ဆိုပြီးတော့ ကျင်းပခဲ့ပါတယ်။ ထားဝယ်ရိုးရာမေပွဲတော်ကတော့ မကွေးမှာကျင်းပခဲ့တဲ့အခါမှာ သနပ်ခါးမေဆိုပြီးတော့လုပ်ခဲ့ပေမယ့် ထားဝယ်ရောက်တဲ့အခါမှာ ထူးထူးခြားခြားတွေ့ရတာက ထားဝယ်က သနပ်ခါးကိုပဲလိမ်းတာမဟုတ်ဘဲ သနပ်ခါးနဲ့ အလားတူတဲ့ သစ်သားတွေကိုလည်း သွေးပြီးတော့လိမ်းတာတွေ့ရပါတယ်။ အဲ့ဒီထဲမှာ တောင်နံကြီး၊ သစ်နို့တို့လိမ်းတာတွေလည်းတွေ့ရတယ်။ ကျွန်တော်တို့က အဲ့မှာကျတော့ သနပ်ခါးဆိုတဲ့ခေါင်းစဥ်နဲ့ ဘောင်သပ်လို့မရတဲ့အတွက် ထားဝယ်ရိုးရာမေဆိုပြီးတော့ ကိုယ်ကြိုက်နှစ်သက်ရာ အသီး၊ အပွင့်၊ အခေါက် အဲ့ဒါတွေနဲ့လိမ်းခြယ်ပြိုင်တဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီကျင်းပခဲ့တဲ့ပွဲမှာဆိုရင် ထားဝယ်ရဲ့ ဝတ်စုံနဲ့ဝတ်ဆင်ပြီးတော့မှ အဲ့ဒီဝတ်ဆင်ထားတာကိုမှ သနပ်ခါးပဲဖြစ်ဖြစ်၊ သစ်နို့ပဲဖြစ်ဖြစ်၊ တောင်နံကြီးပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာကို ရွေးချယ်လိမ်းခြယ်ပြီးတော့မှ ပြိုင်ပွဲဝင်ဖို့ကျင်းပခဲ့ပါတယ်။ အင်မတန်မှ စည်ကားသိုက်မြိုက်တဲ့ပွဲတွေလည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပုသိမ်ကိုစဥ်းစားတဲ့အခါမှာ ပုသိမ်က မြန်မာတစ်နိုင်ငံလုံး‌ရော၊ တစ်ကမ္ဘာလုံးရောသိတာက ပုသိမ်မှာပုသိမ်ထီးထုတ်လုပ်တာက အင်မတန်မှအရေးကြီးပါတယ်။ ပုသိမ်ထီးဟာ တကယ်တမ်းဆိုရင် ဟိုတစ်ချိန်တုန်းကဆိုရင် မြန်မာနိုင်ငံရဲ့ထီးလိုအပ်ချက်၊ မိုးတွင်းရော၊ နေပူတဲ့အချိန်ရော ထီးလိုအပ်ချက်ကိုဖြည့်စည်းပေးတဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပုသိမ်ထီးရဲ့ကျော်ကြားမှုက မြန်မာနိုင်ငံနဲ့အတူ ရှင်တွဲပြီးတော့ ကျော်ကြားတဲ့ ကျော်ကြားမှုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပုသိမ်ကိုရောက်တဲ့အခါမှာ ပုသိမ်ထီးနဲ့သနပ်ခါးမေဆိုတဲ့ ခေါင်းစဥ်နဲ့ပြိုင်ပွဲတစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲကိုလည်း Covid 19 အခြေအနေကြောင့် တကယ့်ကိုစည်စည်ကားကားနဲ့ လူအများကြားမှာ ကျင်းပရမယ့်ပွဲဖြစ်ပေမယ့် အွန်လိုင်းပြိုင်ပွဲအနေနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ အဲ့ဒီအွန်လိုင်းပြိုင်ပွဲမှာတော့ ပုသိမ်မြို့ကနေ စိတ်ဝင်စားတဲ့ မိန်းကလေးငယ်အများစု ဝင်ရောက်ယှဥ်ပြိုင်ကြပြီးတော့မှ ဒါကိုကျွန်‌တော်တို့က ရွေးချယ်ပြီးတော့ ဆုပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဓလေ့နှစ်ခုကခုနကပြောတဲ့ ပုသိမ်နဲ့ပတ်သတ်တဲ့ပုသိမ်ထီးဆိုပြီးတော့ အင်မတန်မှ ကျော်ကြားတဲ့ထုတ်ကုန်တစ်ခု ဓလေ့တစ်ခုလည်းရှိသလို သနပ်ခါးကိုလည်း မက်မက်စက်စက်လိမ်းကြတဲ့ မြို့တစ်မြို့လည်းဖြစ်တဲ့အတွက် ကျွန်တော်တို့က ပုသိမ်ထီးနဲ့သနပ်ခါးမေဆိုတဲ့ပြိုင်ပွဲကို ကျင်းပတာဖြစ်ပါတယ်။


Old Photos and Open History Project

ရှေးဟောင်းဓာတ်ပုံများနှင့် လူထုအမှတ်သညာပွဲတော်


ပုသိမ်မြို့၊ လူထုအမှတ်သညာပွဲတော်ကျင်းပဖို့ ၂၀၂၀၊ ဖေဖော်ဝါရီလလောက်ကတည်းကစပြီး ပြင်ဆင်ခဲ့ပါတယ်။ လူထုအမှတ်သညာပွဲတော်ဟာ ဓာတ်ပုံအဟောင်းတွေကိုစုဆောင်းပြီး မြို့တစ်မြို့ရဲ့သမိုင်းကို ခင်းကျင်းပြသတာဖြစ်ပါတယ်။ ပုသိမ်မြို့ခံတွေရဲ့ မိသားစုတွေမှာ စုဆောင်းထားတဲ့ဓာတ်ပုံတွေကို ခွင့်တောင်း၊ ကူးယူပြီး လူထုကြားမှာရှိတဲ့သမိုင်းကို ထင်ဟပ်စေဖို့ဖြစ်ပါတယ်။ ဒီလိုစုဆောင်းတဲ့အခါမှာ ပုသိမ်မြို့ခံတွေဖြစ်တဲ့ ကဗျာဆရာ ကိုညီမြင့်၊ ကိုဇော်မင်းထွတ်တို့က ဦးဆောင်ပြီး တစ်အိမ်တက်ဆင်းစုဆောင်းခဲ့ပါတယ်။ ဓာတ်ပုံပေါင်း ၁၃၀၀ ကျော်ထဲက သင့်တော်တဲ့ ဓာတ်ပုံတွေရွေးချယ်ပြီး ပြသတာဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးကူးစက်မှုအခြေအနေကြောင့် အထင်ကရနေရာကြီးတွေမှာ ခင်းကျင်းမပြသနိုင်ဘဲ အွန်လိုင်းပွဲပဲကျင်းပရပါတယ်။ ဒီပြပွဲမှာ ပုသိမ်ထီးနဲ့ သနပ်ခါးမေပွဲတော်၊ ဓာတ်ပုံနဲ့မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ၊ ကဗျာမြို့တော် ကဗျာရွတ်ဖတ်ပွဲ၊ အကျော်အမော်ပုသိမ်သားများနဲ့ ဓာတ်ပုံအဟောင်းရှင်းလင်းပြသပွဲတို့ ပါဝင်ပါတယ်။ ပြသမယ့် အကြောင်းအရာတွေကို ဗွီဒီယိုအခုတစ်ရာကျော် ရိုက်ကူးပြသခြင်းဖြစ်တဲ့အတွက် ဗဟုသုတမြတ်နိုးသူများနဲ့ လူမှုသမိုင်းစိတ်ဝင်စားသူတွေ အားပေးကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။


Poetry Recital, Pathein City

ကဗျာမြို့တော်၊ ကဗျာရွတ်ဖတ်ပွဲ ပုသိမ်မြို့


ပုသိမ်မြို့က အစကတည်းက ကဗျာနဲ့ပတ်သတ်ပြီး ကျော်ကြားတဲ့ ကဗျာဆရာတွေအများအပြားထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပုသိမ်မြို့ကို ကဗျာမြို့တော်လို့ တင်စားပြောဆိုရင် ရနိုင်ပါတယ်။ ဒါကြောင့် လူထုအမှတ်သညာပွဲတော်ရဲ့ ကဗျာမြို့တော်အစီအစဥ်မှာ ပုသိမ်မြို့က ကဗျာရွတ်ဆိုတင်ဆက်မှုကို ရိုက်ကူးတင်ဆက်ထားပါတယ်။ မြို့တစ်မြို့မှာရှိနေတဲ့ အနုပညာနဲ့ရှင်သန်နေတဲ့သူတွေ၊ အနုပညာချစ်မြတ်နိုးသူတွေအတွက် လူ့အဖွဲ့အစည်းတစ်ခုက အသိအမှတ်ပြုလာအောင်ဆိုတဲ့သဘောနဲ့ စီစဥ်တာဖြစ်ပါတယ်။ ကဗျာကပေးတဲ့ ခံစားချက်တွေကို မျှဝေနိုင်ကြမယ်လို့ ယူဆပါတယ်။


 Famous People of Pathein

အကျော်အမော်ပုသိမ်သားများ


ရှေးခေတ်ပေါင်းများစွာကတည်းက ကျော်ကြားခဲ့တဲ့ ပုသိမ်မြို့ဟာ အဖက်ဖက်က ထူးချွန်ထင်ရှားသူတွေပေါ်ထွက်ခဲ့ပါတယ်။ အဲ့ဒီအကျော်အမော်ပုဂ္ဂိုလ်တွေရဲ့ အထ္တုပ္ပတ္တိကိုပြုစုသူကိုဇော်မင်းထွတ်ကိုယ်တိုင်ဖတ်ကြားထားပါတယ်။ အတုယူစရာ ပုဂ္ဂိုလ်ကျော်တွေရဲ့အကြောင်းကို လေ့လာရင်း ဂုဏ်ယူစရာလည်းဖြစ်ပြီး မိမိကိုယ်တိုင်လည်းကြိုးစားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူထုအမှတ်သညာပွဲတော်ရဲ့ အစီအစဥ်တစ်ခုအဖြစ် ဂုဏ်ယူစွာတင်ဆက်လိုက်ပါတယ်။


Our Festivals For – Pathein City

“ပုသိမ်မြို့ လူထုအမှတ်သညာပွဲတော်”

ပုသိမ်မြို့သည် အလွန်ရှေးကျသော ဆိပ်ကမ်းမြို့ဖြစ်ကာ ဧရာဝတီတိုင်း၏မြို့တော်လည်း ဖြစ်ပါသည်။ မြန်မာပြည်၏ ဆန်အိုးကြီးဟုထင်ရှားကာ ပုသိမ်ထီးလုပ်ငန်းကဲ့သို့ ယဥ်ကျေးမှုထုတ်ကုန်များလည်း ရှိပါသည်။ ပုသိမ်မြို့မှတ်တမ်းနှင့် ဓာတ်ပုံများစွာကို ကိုလိုနီခေတ်တွင် မှတ်တမ်းတင်ခဲ့သကဲ့သို့ ရာဇဝင်များမှ ထုတ်နှုတ်ရေးသားခဲ့သော စာအုပ်များလည်းရှိပါသည်။ ပုသိမ်မြို့တွင် မွန်၊ ကရင် တိုင်းရင်းသားအများစုနေထိုင်ကြသည်။ ပုသိမ်မြို့၊ လူထုအမှတ်သညာပွဲတော်ကို ၂၀၂၀ တွင်ကျင်းပရန် စီစဥ်ထားပါသည်။


သမိုင်းကို ထင်ဟပ်စေသောလူမှုမှတ်တမ်း ဓာတ်ပုံများ




PHOTOS ON ACTIVITIES

Photos on Activities

ဓာတ်ပုံများစုဆောင်းမှု နှင့် လှုပ်ရှားမှုများ



လူထုအမှတ်သညာပွဲတော်

လူထုအမှတ်သညာပွဲတော် (ပုသိမ်မြို့)

လူထုအမှတ်သညာပွဲတော် (ပုသိမ်မြို့) တွင်ပြသရန် ဓာတ်ပုံများအား အမျိုးအစား (၃) မျိုးခွဲ၍

People – လူပုဂ္ဂိုလ်များ
(လူကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
Cityscapes – မြို့ပြ၀န်းကျင်မျာ
(ရှုမြင်ကွင်းကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
Documents – မှတ်တမ်းမှတ်ရာများ
(ပို့စ်ကတ်ပုံ) ကို ပြသထားမည်သည်။

At the end of 2019, we had successfully organized five Open History Festivals through Photography, Documentaries, Generations talks on History, Arts and other social activities.

-the first in Kyauktada (Yangon)

-the second in Magway

-the third in Hpa-an and

-the fourth in Dawei

-the fifth in Yangon University

-In 2020, We are preparing for Pathein and Meikhtila.

ပြိုင်ပွဲဝင် ဆုရ မှတ်တမ်း ရုပ်ရှင်များ နှင့် ဓာတ်ပုံများ

Documentary Awards

ဆုရမှတ်တမ်း ရုပ်ရှင်များ

တတိယဆု – အတွေးအိမ်မက်၊ အပိုင်း (၂)ဒါရိုက်တာ – ကိုဇော် (KZB)၊ တွဲဖက်ဒါရိုက်တာ – ကိုသီဟ (ပန်းလိပ်ပြာ)

တတိယဆု – အတွေးအိမ်မက်၊ အပိုင်း (၁)ဒါရိုက်တာ – ကိုဇော် (KZB)၊ တွဲဖက်ဒါရိုက်တာ – ကိုသီဟ (ပန်းလိပ်ပြာ)


Documentary Contestants

 ပြိုင်ပွဲ၀င်မှတ်တမ်းရုပ်ရှင်များ


Photo Awards

ဆုရ ဓာတ်ပုံများ

Photo Contestants

 ပြိုင်ပွဲ၀င် ဓာတ်ပုံများ

Aung Hmue Thet 1

Aung Hmue Thet 2

Aung Hmue Thet 3

BarBu 1

BarBu 2

BarBu 3

Daw Aye Aye Win 1

Daw Aye Aye Win 2

Daw Aye Aye Win 3

Htein Lin 1

Htein Lin 2

Htein Lin 3

Htet Aung San 1

Htet Aung San 2

Htet Aung San 3

Ko Hlaing Moe 1

Ko Hlaing Moe 2

Ko Hlaing Moe 3

Ko Win Soe 1

Ko Win Soe 2

Ko Win Soe 3

Min Chit Thu 1

Min Chit Thu 2

Min Chit Thu 3

Naung Naung

Nay Oo Lwin

Saw Pyi Soe 1

Saw Pyi Soe 2

Saw Pyi Soe 3

Thein Soe Min 1

Thein Soe Min 2

Thein Soe Min 3

Thura Naing 1

Thura Naing 2

Thura Naing 3

Tin Win Naing 1

Tin Win Naing 2

Tin Win Naing 3

U Aung 1

U Aung 2

U Aung 3

U Thiha 1

U Thiha 2

U Thiha 3

ပုသိမ်မြို့

နိုင်ငံခြားသားမှတ်တမ်းတို့မှ သိရသမျှ ပုသိမ်ရာဇဝင်

သီဟိုဠ်ခရီးစခန်း ရက်အပိုင်းအခြားကို ၁၉၇၉-ခု ခရီးသွားတို့က ရက်စွဲအတိအကျပေးထားသဖြင့် သိရသည်မှာ သီဟိုဠ်ကောမာလဆိပ်မှ သက္ကရာဇ်၈၄၁-ခု တော်သလင်းလကွယ် ဗုဒ္ဓဟူးနေ့ထွက်ခဲ့ရာ နာဂရာသီတောင်မှ စီးဆင်းသောမြစ်ငယ်ဝသို့ တန်ဆောင်မုန်းလဆန်းတရက် သောကြာနေ့ရောက်၏။ ကုသိမ်သို့ တန်ဆောင်မုန်းလဆန်း ၁၁-ရက် တနင်းလာနေ့ရောက်၏။ ဟံသာဝတီသို့ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့ရောက်၏။ ထို့ကြောင့် ပင်လယ်ခရီး ၄၅-ရက်၊ မြစ်ဝမှ ပုသိမ်မြို့သို့ ၁၀-ရက်၊ ကုသိမ်မှ ဟံသာဝတီသို့ ၄-ရက် ခရီးဖြစ်ကြောင်း သိရပါသည်။

          မြန်မာမင်းလက်ထက်က ပုသိမ်တွင် နယ်တစ်ဆယ့်တစ်နယ်စိတ်၍ တစ်စိတ်လျှင် အရာရှိတဦး အုပ်ချုပ်ရ၏။ ၆၀၀ အထိ ရှိမြဲဖြစ်ရာ အင်္ဂလိပ်က ပုသိမ်နယ်ကိုသိမ်းယူလျှင် ထိုလက်နက်ကိုင် နောက်လိုက်အများပင် သူပုန်ယောင်ယောင် ဓားပြရောင်ရောင်ဖြစ်၍လာကြပါသည်။ ပုသိမ်အောက်ပိုင်း၌ နာမည်ကျော်လူဆိုးဗိုလ်မှာ ငတီဝှက်ဖြစ်၏။ ပုသိမ်မြောက်ပိုင်းတွင် သူပုန်ခေါင်းဆောင်ကား ပုသိမ်မြို့ဝန်မင်းကြီး မောင်ငိုဖြစ်၍ မြန်မာမင်းထံမှ အကူအညီနှင့်ပေါင်းသော် လူအင်အားနှစ်သောင်းမျှရှိ၍ ငသိန်းနှင့် မောင်သာဘုံခေါ် အားကိုးရသည့်လက်အောက်ခံဗိုလ်တို့နှင့်ရှိနေပါသည်။ မောင်သာဘုံမှာ ပန်းတနော်မြို့သူကြီးဖြစ်သည်။ ပထမ ငသိန်းတပ်ပျက်၏။ နောက်မောင်သာဘုံကျဆုံး၏။ ပြီးမှ လူ ၁၅၀၀ နှင့် အင်္ဂလိပ်က လေးမျက်နှာကိုတက်၍ဝိုင်းရာ မင်းကြီးတပ်ပြောင်းနှင့်သည်ကို တွေ့ရသည်။ လမ်းမှဖြတ်၍တိုက်ရာ မင်းကြီးမောင်ငို ဒဏ်ရာရ၍ သားနှစ်ယောက်ကို မိလိုက်၏။ မင်းကြီးလည်း နှစ်ရက်ကြာလျှင် သေဆုံးသည်။ အင်္ဂလိပ်အတွက် နောက်ထပ် ရန်စူးရန်ငြှောင့် တစ်ဦးကား ‘ကွင်းကဇင်း’တွင် အခိုင်အမာနေသော မြတ်ထွန်းပင်ဖြစ်ပါသည်။

          တစ်ဆယ့်ခုနစ်ရာစုအတွင်း ကောသ္မိသည် ရခိုင်လက်အောက်ခံဖြစ်ဖူး၏။ တစ်ဆယ့်ခုနစ်ရာစုကစ၍ ပုသိမ်မြစ်ဝ၌ အင်္ဂလိပ်တို့ ရေတပ်စခန်းဖွင့်လို၏။ တစ်ဆယ့်ရှစ်ရာစုအတွင်းဝယ် အင်္ဂလိပ်တို့ ဟိုင်းကြီးကျွန်းတွင်နေလာ၍ ပုသိမ်တွင် အရောင်းစခန်းဖွင့်၏။ ဟိုင်းကြီးကျွန်းနေ အင်္ဂလိပ်အားလုံးကို အလောင်းမင်းတရားကြီးက သတ်စေသဖြင့် ၁၇၅၉-ခု နိုဝင်ဘာလ ၆-ရက်နေ့က အားလုံးသေကြသည်။ ပုသိမ်ကို ၁၈၅၂-ခု ဂျွန်လ ၅-ရက်နေ့တွင် အင်္ဂလိပ်က သိမ်းယူကြောင်း ကျေငြာသည်။

                                                                                          ဒေါက်တာ-သန်းထွန်း